Thursday, October 11, 2012

အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန် အင်္ဂလိပ်



- အနတ္တလက္ခဏသုတ် အမွှန်း -

(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။

(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသီပြည်၏အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –

(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော်(၅)ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။

(A) On the full moon day of Waso, at Isipatana, Migadawon forest near Varanasi, Buddha taught the Dhammacakka Pavattana to five ascetics; Kondanna, Vappa, Boddiya, Mahanam and Assaji. ( five ascetics = the group of five were the monks who had previously followed the Bodhisatta while he was practicing austerities and who later heard the First Discourse and became the Buddha's first disciples.)

(B) In succession by one another after attainment of Sotapatti Phala on consecutive days, (on the 5th of waning Waso month) Buddha taught them the Anatta Lakkhana sutta for the attainment of Arahatta Phala. O, Good persons, let's recite this Anatta Lakkhana sutta now.

- အနတ္တလက္ခဏသုတ် နိဒါန်း -

"မြတ်ဗုဒ္ဓ၏ မဇ္ဈိမပဋိပဒါ" တရား တော် - ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ



"ဘာသာတရားကို လိုက်နာကျင့်သုံးခြင်း" - ပါချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ



ဘာသာတရားကို ရွေးချယ်ခြင်း တရားတော် - ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ





Wednesday, October 3, 2012

မဟာသမယသုတ် - အရှင်ဇနကာဘိဝံသ



ကိုယ်ကျင့် အဘိဓမ္မာ - အရှင် ဇနကာ ဘိဝံသ



စေတီလေးပါး တရားတော် - ဒေါက်တာအရှင်ဥာဏိဿရ




ပုဂံစေတီပုထိုးများ ၃၆၀ံ မြင်ကွင်း



ကျိုက်ထီးရိုးစေတီတော် ရှုခင်း ၃၆၀ံ မြင်ကွင်း



ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသမိုင်း



ရွှေတိဂုံမှာပြန်ဆုံသည့်ပွဲ ၁+၂ - ဘဒ္ဓ န္တတေဇောသာရ (ပဲခူးဆရာတော်)

ရွှေတိဂုံစေတီတော်ကြီး - ၃၆၀ံ မြင်ကွင်း

Shwedagon in Yangon

Sunday, September 30, 2012

အဘိဓမ္မာ နှင့် ဝိပဿနာ - အရှင်နန္ဒမာလာဘိဝံသ



ဖြစ်နိုင်တာနဲ့မဖြစ်နိုင်တာအကြောင်း တရားတော် - အရှင်နန္ဒမာလာဘိဝံသ



တရားထူးရနိုင်သူအကြောင်းတရားတော် - အရှင်နန္ဒမာလာဘိဝံသ



လူဖြစ်ကျိုးနပ်ပါစေ တရားတော် - အရှင်နန္ဒမာလာဘိဝံသ



Thursday, September 27, 2012

သူတော်ကောင်းတရား - အရှင်ဇနကာဘိဝံသ


အမရပူရမြို့ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ
(1900 - 1977)


စွန်းလွန်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိ




အဘိဓမ္မာ၊ သဒ္ဒါ၊ မြတ်ကျမ်းစာ - လယ်တီဆရာတော်ကြီး




ရောဂန္တရ ကင်းဝေးကြပါစေ - လယ်တီဆရာတော်ကြီး



မိုက်မလင်းနိုင်လို့ မြိုက်ခင်းညာစီမှာ - လယ်တီဆရာတော်ကြီး



တောရဆောက်တည် လယ်တီအစ - လယ်တီဆရာတော်ကြီး




ပညာလည်းရှာ စာဝါလည်းပို့ချ - လယ်တီဆရာတော်ကြီး




လယ်တီဦးသျှောင် ထွဋ်ဘုန်းခေါင် - လယ်တီဆရာတော်ကြီး


လယ်တီဆရာတော်ဘုရားကြီး ထေရုပတ္တိ အပိုင်း (၁)

နွားသားမစားရေး မေတ္တာစာ - လယ်တီဆရာတော်ကြီး


Mahathera Ledi Sayadaw, U Nyana Dhaja
Agga Maha Pandita, D. Litt.
(1846 - 1923)

ဥဒယဗ္ဗယဥာဏ် တရားတော် - မိုးညှင်းဆရာတော်ကြီး



The Late Moe Nyin Sayadaw Gyi U Thu Ma Na
(1234 - 1326 Myanmar Years)



အလှ၏ နိဂုံး - ကြာနီကန်ဆရာတော်



ဗုဒ္ဓဘာသာကျင့်ထုံးနှင့် လူမှုရေးလုပ်ငန်းများ - သီတဂူဆရာတော်ကြီး



စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ
အရှင်ဦးဥာဏိဿရ
ဟောကြားတော်မူသောတရားတော်


သင်ကြားခြင်းနှင့် သင်ယူခြင်းတရားတော် - သီတဂူဆရာတော်ကြီး


စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ
အရှင်ဦးဥာဏိဿရ
ဟောကြားတော်မူသောတရားတော်

အမျက်ထွက်လေ့ရှိသူသည် ....


“အမျက်ထွက်လေ့ရှိသူသည် အဆင်းမလှ၊ ထိုသူသည် ဆင်းရဲစွာလည်း အိပ်ရနေရ၏၊ ထိုမှတစ်ပါး အကျိုးစီးပွားရှိ၏ဟု မှတ်ယူ၍ အကျိုးစီးပွားမဲ့သည့် အဖြစ်သို့ ရောက်၏။”

Tuesday, September 25, 2012

ရတနာမြတ်သုံးပါး


“ရတနာမြတ်သုံးပါးကို အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ပါ၏ အရှင်ဘုရား”

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” “ဓမ္မံ သရဏံ ဂစ္ဆာမိ” “သံဃံ သရဏံ ဂစ္ဆာမိ”


မဟာစည်ဆရာတော်ဘုရားကြီး၏ မေတ္တာပို့

အဘိဓမ္မာနှင့် ၀ိပဿနာ တရားတော် - သီတဂူဆရာတော်ကြီး

အပိုင်း (၁)




အပိုင်း (၂)

မေတ္တာပွားပုံ နည်းမျိုးစုံ




မေတ္တာပွားပုံ နည်းမျိုးစုံ
မဟာစည်ဆရာတော်ဘုရားကြီး၏ မေတ္တာပို့ ( မြန်မာ )

ပဋ္ဌာန်း၊ ဘုရားအနေကဇာတင် နှင့် ခုနစ်ရက်သားသမီး မေတ္တာပို့




ပဋ္ဌာန်း၊ ဘုရားအနေကဇာတင် နှင့် ခုနစ်ရက်သားသမီး မေတ္တာပို့
(မဟာကန်ပတ်လည်ဆရာတော်)

ဆုတောင်းပြောင်းလိုက်ပါ တရားတော် - သီတဂူဆရာတော်ကြီး




စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ
အရှင်ဦးဥာဏိဿရ
ဟောကြားတော်မူသောတရားတော်

ပန္တိကလက္ခဏ တရားတော် - သီတဂူဆရာတော်ကြီး



စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ
အရှင်ဦးဥာဏိဿရ
ဟောကြားတော်မူသောတရားတော်

ဘ၀ကောင်းကြောင်း လေးပါးတရားတော် - သီတဂူဆရာတော်ကြီး



စစ်ကိုင်းတောင်ရိုး၊ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် အဓိပတိ
မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ
အဂ္ဂမဟာပဏ္ဍိတ
အရှင်ဦးဥာဏိဿရ
ဟောကြားတော်မူသောတရားတော်

လူမိုက်တို့၏ သွားရာလမ်းတရားတော် - သီတဂူဆရာတော်ကြီး

အပိုင်း (၁)




အပိုင်း (၂)

ချမ်းသာလေးပါးတရားတော် - သီတဂူဆရာတော်ကြီး

အပိုင်း (၁)




အပိုင်း (၂)

Sunday, September 23, 2012

ဆုပ်ကိုင်ခြင်းနှင့် စွန့်လွှတ်ခြင်းတရားတော် - ဒေါက်တာနန္ဒမာလာဘိဝံသ

ဗုဒ္ဓဂါယာ

ဓမ္မဋ္ဌ၀ဂ္ဂ - ဓမ္မပဒ



၁၉။ ဓမ္မဋ္ဌ၀ဂ္ဂ 

၂၅၆။ န တေန ဟောတိ ဓမ္မဋ္ဌော၊ ယေနတ္ထံ သာဟသာ နယေ။
ယော စ အတ္ထံ အနတ္ထဉ္စ၊ ဥဘော နိစ္ဆေယျ ပဏ္ဍိတော။

၂၅၇။ အသာဟသေန ဓမ္မေန၊ သမေန နယတီ ပရေ။
ဓမ္မဿ ဂုတ္တော မေဓာဝီ၊ ဓမ္မဋ္ဌောတိ ပ၀ုစ္စတိ။

၂၅၆။ ဆုံးဖြတ်အပ်သော အမှုသဘောကို နိုင်ထက်စီးနင်း ဆုံးဖြတ်ခြင်းကြောင့် တရား၌တည်သူ တရားသူကြီးမဟုတ်၊ ပညာရှိသည် ဟုတ်မှန်သောအကြောင်း မဟုတ်မမှန်သောအကြောင်း နှစ်ပါး စုံကို စုံစမ်းမေးမြန်း၍ ဆုံးဖြတ်ရာ၏။

၂၅၇။ မချွတ်မယွင်း တရားနှင့်အညီ သူတစ်ပါးတို့ကို နိုင်ခြင်းရှုံးခြင်းသို့ ရောက်စေသော ပညာရှိကို တရားစောင့်သော တရား၌တည်သူ တရားသူကြီးဟု ဆိုအပ်၏။

256. One who forcefully decides and settles matters in his own way is not righteous; a wise person considers what is right and what is wrong.

257. One who judges others justly and righteously with Dhamma, is called "One firm in Dhamma".

မလ၀ဂ္ဂ - ဓမ္မပဒ



၁၈။ မလ၀ဂ္ဂ

၂၃၅။ ပဏ္ဍုပလာသောဝ ဒါနိသိ၊ ယမပုရိသာပိ စ တေ ဥပဋ္ဌိတာ။
ဥယျောဂမုခေ စ တိဋ္ဌသိ၊ ပါထေယျမ္ပိ စ တေ န ၀ိဇ္ဇတိ။

၂၃၆။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ၀ါယမ ပဏ္ဍိတော ဘ၀။
နိဒ္ဓန္တမလော အနင်္ဂဏော၊ ဒိဗ္ဗံ အရိယဘူမိံ ဥပေဟိသိ။

၂၃၇။ ဥပနီတ၀ယော စ ဒါနိသိ၊ သမ္ပယာတောသိ ယမဿ သန္တိကံ။
ဝါသော တေ နတ္ထိ အန္တရာ၊ ပါထေယျမ္ပိ စ တေ န ၀ိဇ္ဇတိ။

၂၃၈။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ၀ါယမ ပဏ္ဍိတော ဘ၀။
နိဒ္ဓန္တမလော အနင်္ဂဏော၊ န ပုနံ ဇာတိဇရံ ဥပေဟိသိ။

၂၃၅။ ဥပါသကာ သင်သည် ယခုအခါဖျော့တော့သော ဖက်ရွက်ရော်ကဲ့သို့ဖြစ်ခဲ့ပြီ၊ သေမင်းတမန်တို့သည်လည်း သင်၏ အနီး၌ တည်ကုန်ပြီ၊ ဆုတ်ယုတ်ပျက်စီးခြင်း၏အစ ဘ၀အဆုံး၌လည်း တည်ခဲ့ပြီ၊ သင့်အား ဘ၀တစ်ပါးသို့သွားရန် ကောင်းမှုရိက္ခာလည်း မရှိ။

၂၃၆။ ထိုသင်သည် မိမိ၏ မှီရာကျွန်းနှင့်တူသော ကောင်းမှုကိုပြုလော့၊ လျင်စွာ အားထုတ်၍ ပညာရှိသူဖြစ်လေလော့၊ အညစ်အကြေးကိုပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ အရိယာတို့နေရာ သုဒ္ဓါဝါသဘုံသို့ ကပ်ရောက်ရလတ္တံ့။

၂၃၇။ ဥပါသကာ သင်သည်ယခုအခါအရွယ်လွန်ချေပြီ၊ သေမင်း၏ အထံသို့ သွားချိန်ရောက်ခဲ့ပြီ၊ သင့်အား ခရီးအကြား၌ ရပ်နားနေရန် အခွင့်မရှိ၊ သင့်အား ဘ၀တစ်ပါးသို့သွားရန် ကောင်းမှုရိက္ခာလည်း မရှိ။

၂၃၈။ ဥပါသကာ သင်သည်မိမိ၏ မှီရာကျွန်းနှင့်တူသော ကောင်းမှုကိုပြုလော၊့ လျင်စွာအားထုတ်၍ ပညာရှိသူ ဖြစ်လေ လော့၊ အညစ်အကြေးကိုပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ တစ်ဖန် ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မရောက်ရတော့ လတ္တံ့။

ကောဓ၀ဂ္ဂ - ဓမ္မပဒ



၁၇။ ကောဓ၀ဂ္ဂ

၂၂၁။ ကောဓံ ဇဟေ ၀ိပ္ပဇဟေယျ မာနံ၊ သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိမသဇ္ဇမာနံ၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

၂၂၁။ အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ်မှန်သမျှကို ကျော်လွန်ရာ၏၊ နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူထံသို့ ဆင်းရဲဒုက္ခတို့သည် မကျရောက်ကုန်။

221. Put away anger, abandon pride and overcome bondage. Whoever clings not to the constituents of existence (Nama-rupa, mind and matter) and to nothing whatsoever, sufferings never befall him.

ပိယ၀ဂ္ဂ - ဓမ္မပဒ




၁၆။ ပိယ၀ဂ္ဂ

၂၀၉။ အယောဂေ ယုဉ္ဇမတ္တာနံ၊ ယောဂသ္မိဉ္စ အယောဇယံ။
အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ၊ ပိဟေတတ္တာနုယောဂိနံ။

၂၁၀။ မာ ပိယေဟိ သမာဂဉ္ဆိ၊အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။

၂၁၁။ တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။
ဂန္ထာ တေသံ န ၀ိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

၂၀၉။ မိမိကိုယ်ကို အားမထုတ်သင့်ရာ၌ အားထုတ်လျက် အားထုတ်သင့်ရာ၌ အားမထုတ်ဘဲ အကျိုးစီးပွားကို စွန့်လွှတ်၍ ချစ်ဖွယ်အာရုံ ကာမဂုဏ်ကို စွဲလမ်းသူသည် ကိုယ်တိုင်အားထုတ် သူတို့၏ အကျိုးစီးပွားကို ငါရမူကား ကောင်းလေစွဟု လိုလားတောင့်တ၏။

၂၁၀။ ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။

၂၁၁။ ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလမ်းခြင်းကို မပြုရာ၊ ချစ်ခင် စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသော သူတို့အား အနှောင်အဖွဲ့ ဂန္ထတို့ မရှိကြကုန်။

209. One who does what should not be done and fails to make efforts on virtuous deeds, who forgets the true aim of life and sinks into sensual desires – will one day envy the person who makes efforts in high contemplation.

210. Do not be in together with loved ones, also not get acquainted with unpleasant; not to see loved ones is pain, so also it is pain to see unpleasant.

211. Therefore do not make endearment, for separation from the dear is painful. Those who hold nothing dear and hate nothing has no fetters.

သုခ၀ဂ္ဂ - ဓမ္မပဒ



၁၅။ သုခ၀ဂ္ဂ

၁၉၇။ သုသုခံ ၀တ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုေဿသု၊ ၀ိဟရာမ အဝေရိနော။

၁၉၈။ သုသုခံ ၀တ ဇီဝါမ၊ အာတုရေသု အနာတုရာ။
အာတုရေသု မနုေဿသု၊ ၀ိဟရာမ အနာတုရာ။

၁၉၉။ သုသုခံ ၀တ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။
ဥဿုကေသု မနုေဿသု၊ ၀ိဟရာမ အနုဿုကာ။

၁၉၇။ ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၁၉၈။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၁၉၉။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော သူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့အသက်မွေးနိုင်ကြကုန်၏၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော လူတို့အလယ်၌ ကာမ ဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

ဗုဒ္ဓ၀ဂ္ဂ - ဓမ္မပဒ



၁၄။ ဗုဒ္ဓ၀ဂ္ဂ

၁၇၉။ ယဿ ဇိတံ နာဝဇီယတိ၊ ဇိတံ ယဿ နော ယာတိ ကောစိ လောကေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။

၁၈၀။ ယဿ ဇာလိနီ ၀ိသတ္တိကာ၊ တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။

၁၇၉။ အကြင်မြတ်စွာဘုရားသည် အောင်အပ်ပြီးသော ကိလေသာကို တစ်ဖန်အောင်ဖွယ်မလို၊ လောက၌ အကြင် မြတ်စွာဘုရား၏ အောင်ပြီးသော ကိလေသာနောက်သို့ ကိလေသာတစ်စုံတစ်ခုမျှ အစဉ်မလိုက်တော့ချေ၊ အပိုင်း အခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ်ရှိတော်မူသော ရာဂစသော ခရီးလမ်းကြောင်းမရှိသော ထိုမြတ်စွာ ဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင် နိုင်ကုန်အံ့နည်း။

၁၈၀။ အကြင်မြတ်စွာဘုရားအား တစ်စုံတစ်ခုသော လောကသို့ ခေါ်ဆောင်ရန် ပိုက်ကွန်ပမာ ကပ်ငြိတတ်သော တဏှာသည်မရှိ၊ အပိုင်းအခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ် ရှိတော်မူသော ရာဂစသော ခရီးလမ်း ကြောင်းမရှိသော ထိုမြတ်စွာဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိမော်ကွန်း



ဗုဒ္ဓဂါယာ မေတ္တာပို့ ဓမ္မတေး

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန မှတ်တမ်း

စေတနာအတိုင်းအကျိုးပေးပုံ - ဘဒ္ဒန္တ သံဝရ



စေတနာအတိုင်းအကျိုးပေးပုံ
မုံလယ်တောရဆရာတော်ကြီး

Runtime: N/A
Size: 278.63MB
Credit to dhammavideo

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး၏ ထေရုပတ္တိ



အမရပူရမြို့ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ၏ ထေရုပတ္တိ
Amarapura, Nayaka Sayadaw of Mahagandharama Monastery, Agga Maha Pandita Ashin Janakabhivamsa' history

Runtime: N/A
Size: 1649.67MB
Credit to dhammavideo

အဘိဓမ္မာ မြတ်ဒေသနာ (ဒုတိယတွဲ) ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ

Dr Nandamalabhivamsa AbidhammaMyatDaythanar 2


Credit to dhammadownload.com

ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ၏ တရားတော်များ




Dr. Nandamalabhivamsa                                                   

Rector
International Theravada Buddhist
Missionary University, Yagon

ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ

M.A; Ph.D
အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊
အဂ္ဂမဟာပဏ္ဍိတ၊
ပါဠိ ပါရဂူ
သ၊ စ၊ အ ဓမ္မာစရိယ
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်
အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ်
သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်
စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်

ဓမ္မသဟာယသာသနစင်တာ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာရွာ၊ ဒိုးပင်တောင်၊ (မန္တလေးမှ ၃၃။၂ မိုင်တိုင်)

**************************************************
ဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်း

- (၁၃၀၁) ခုနှစ်၊တပေါင်းလပြည့်၊ (၁၉၄၀)ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ နေ ခမည်းတော် ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။
- (၁၃၀၅)ခုနှစ်၊(၁၉၄၄) အသက် ၅နှစ်သားအရွယ် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မှုကျောင်း၊ ဆရာတော်ဦးကေလာသ(ဦးလေး ဘုန်းကြီး)ထံတွင် မြန်မာစာပေနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။
- (၁၃၁၀)ခုနှစ်၊(၁၉၄၉)၊ဝါဆိုလဆန်း (၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ဝိပဿနာဂန္ဓာရုံ ကျောင်းရှိ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမမြောက်ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။
- (၁၃၁၄)ခုနှစ်၊(၁၉၅၃) အသက်(၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲသုံးဆင့် စတင်အောင်မြင်ခဲ့သည်။
- (၁၃၁၇)ခုနှစ်၊ (၁၉၅၆)အသက်(၁၆)နှစ်တွင် အစိုးရဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း(၂)ကျမ်းနှင့်အတူအောင်မြင်၍ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။
- (၁၃၁၉)ခုနှစ်၊ (၁၉၅၇) သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၂၀)ခုနှစ်၊(၁၉၅၈) စစ်ကိုင်းမြို့ မဟာသုဗေရုံတိုက်ကိုနောင်တော်များနှင့်အတူတည်ထောင်ကာ ပဓာန စာချ၊တိုက်ကြပ်အဖြစ် အဆင့်ဆင့်တာဝန်များထမ်းဆောင်ခဲ့သည်။
- (၁၃၂၁)ခုနှစ်၊(၁၉၆၀)ပြည့်နှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရာကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နောင်တော်ရင်းဖြစ်သော ဘဒ္ဒ န္တနာရဒ ထံတွင် သဒ္ဒါ။ သင်္ဂဟဓပိဋက အခြေခံများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစားများသင်ယူခဲ့ပြီး၊ ဇယမေဓနီ ၊ ဝါဆိုကျောင်းဆရာတော် ဘဒ္ဒ န္တ အဂ္ဃိယ (ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု) ထံဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစားများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ တိုက်ရှိ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံတွင် သကျသီဟ၊ စေတိယင်္ဂဏတန်းဆိုင်ရာ ကျမ်းစာများကိုသင်ယူခဲ့သည်။ ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်တွင် တိပိဋကပါဠိ+မြန်မာအဘိဓာန်ကျမ်းပြုအဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တ ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။
- (၁၃၂၄)ခုနှစ်၊ (၁၉၆၃) ရန်ကုန်စေတိယင်္ဂဏ “ အဘိဝံသ” ဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) သာသနာဓဇဓမ္မယစရိယ ဝိနယပါဠိပါရဂူဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၂၅)ခုနှစ်၊ (၁၉၆၄) မန္တလေး သကျသီဟ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။
- (၁၃၃၂)ခုနှစ်၊ (၁၉၇၃)မှစတင်၍ ကျမ်းစာများရေးသားပြုစုခဲ့ရာ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။

အဘိဓမ္မာမြတ်ဒေသနာတရားတော် - ဒေါက်တာနန္ဒမာလာဘိဝံသ(ပါမောက္ခချုပ်ဆရာတော်)


ဒေါက်တာနန္ဒာမာလာဘိဝံသ(အပြည်ပြည်ဆိုင်ရာပါမောက္ခချုပ်ဆရာတော်) - အဘိဓမ္မာမြတ်ဒေသနာတရားတော်

Runtime: N/A
Size: 468.95MB
Credit to dhammavideo

အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ


ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ)

Runtime: N/A
Size: 17.44MB
Credit to dhammavideo

Thursday, September 20, 2012

The Life Of The Buddha [Full BBC Documentary- HQ] with English/Greek/Catalan Subs




This documentary covers the life of Siddhartha Gautama, a young prince from India who went out to find the reason for "Dukkha" [problems] of human life. He later found the reason of Dukkha and teached a way to live life. He was later known as the Buddha, the founder of "Buddhism".

The religion with no god.
"If there is any religion that would cope with modern scientific needs it would be Buddhism." -Albert Einstein


Buddha - A Documentary About Buddhism



This documentary is made by filmmaker David Grubin and narrated by Richard Gere. It tells the story of the Buddha's life, a journey especially relevant to our own bewildering times of violent change and spiritual confusion. It features the work of some of the world's greatest artists and sculptors, who across two millennia, have depicted the Buddha's life in art rich in beauty and complexity. Hear insights into the ancient narrative by contemporary Buddhists, including Pulitzer Prize winning poet W.S. Merwin and His Holiness the Dalai Lama. This documantary is brought to you by http://www.comethailand.com.

ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ မဟာသမယသုတ်၊ - မင်းကွန်းဆရာတော်ကြီး



ခဲယဉ်းမှန်းသိရင်ကြိုးစားပေါ့ - ဓမ္မဒူတ အရှင်ဆေကိန္ဒ




သာသနဓဇ။ သဒ္ဓမ္မနေပုည။ သာသနဇောတိပါလ ဓမ္မာစရိယ။ ဓမ္မကထိက ဗဟုဇနဟိတဓရ
ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ
ဟောကြားတော်မူသောတရားတော်

ဘ၀စာမေးပွဲအောင်မြင်နည်း တရားတော် - ဓမ္မဒူတ အရှင်ဆေကိန္ဒ




သာသနဓဇ။ သဒ္ဓမ္မနေပုည။ သာသနဇောတိပါလ ဓမ္မာစရိယ။ ဓမ္မကထိက ဗဟုဇနဟိတဓရ
ဓမ္မဒူတ ဒေါက်တာ အရှင် ဆေကိန္ဒ
ဟောကြားတော်မူသောတရားတော်

လောက၀ဂ္ဂ - ဓမ္မပဒ



၁၃။ လောက၀ဂ္ဂ

၁၆၇။ ဟီနံ ဓမ္မံ န သေဝေယျ၊ ပမာဒေန န သံဝသေ။
မိစ္ဆာဒိဋ္ဌိံ န သေဝေယျ၊ န သိယာ လောက၀ဍ္ဎုနော။

၁၆၇။ ကာမဂုဏ် အယုတ်တရားကို မမှီဝဲရာ၊ မေ့မေ့ လျော့လျော့ မနေရာ၊ မှားသောအယူကို မယူရာ၊ လောက ကြီးပွားရေးအတွက် သက်သက်မဖြစ်ရာ။

167. One should not live in lowly quality life (sensualities), one should not live on heedlessness, one should not act on wrong views, and one should not sink into the world.